ကြုံသမျှလူတွေကို ပြောနေကျ စကားလေးပဲ ပြောပါမယ်

ကိုယ့်အိမ်လာနေခွင့်တောင်းတဲ့လူတစ်ယောက်ကို ခနလေး စဉ်းစားဦးမယ်ကွာ ဆိုပြီး အလုပ်လုပ်ခွင့်ပေးထားတယ်
အဲဒါကို အလုပ်ကို ခိုးလုပ်တယ်။ ငွေဝင်တာ မပြောဘူး။ ပြီးတော့ ဝင်ငွေမရှိဘူးဆိုပြီး ဆေးအလကားကုခွင့်တောင်းတယ်။ ထမင်းဖိုးပြန်တောင်းတယ် ဆိုရင်
” ခင်ဗျားသာ အိမ်ရှင်ဆို ရာသက်ပန်နေခွင့်ပေးမလား” ?

ဒီလိုမှ မဟုတ်ပဲ အလုပ်ကောင်းကောင်းလုပ်တယ်။ ငွေဝင်တာပြတယ်။ အိမ်ကို ထောက်ပံ့တယ်ဆိုတဲ့ လူကို ခင်ဗျားအိမ်မှာ ရာသက်ပန် နေခွင့်ပေးမလား?

US လာမယ် EAD ရတာနဲ့ Medicaid လျှောက်မယ် food stamp လျှောက်မယ်။ Cash Job လုပ်ပြီး ဝင်ငွေ လျှော့ပြမယ်။ အခွန်ရှောင်မယ်ဆို အန်ကယ်ဆမ်က GC ပေးပြီးရာသက်ပန် နေခွင့်ပေးမယ်ထင်လား?

EAD ပဲ ရသေးတာတောင် ဒါမျိုးဆို GC သာပေးလိုက်ရင် တဆွေလုံး တမျိုးလုံးခေါ်ပြီး လုပ်စားနေရင် အန်ကယ်ဆမ် လည်း လှိုင်သာယာ မီးခွက်ဈေး အောက်ချိုင့်မှာ သနားခါးလိမ်းပြီး လမ်းသလားနေရမှာ 😅😅

မှားချင်လည်း မှားမယ်။ စဉ်းစားမိထားတာလေးပါ

တွေးမိတွေးရာ

လူမိုက်

Leave a comment

Create a website or blog at WordPress.com

Up ↑

Design a site like this with WordPress.com
Get started