ငွေ လွှဲ မှာ လိမ်တဲ့ သူတွေ အကြောင်းထက် အမေရိကန်မှာ နေ နေ ကြတဲ့ သူတွေ အတွက် ပို ကြီး တဲ့ လိမ် လည်မှု မခံရအောင် သတိပေး တဲ့ Post လေး ပါ
အမေရိကန်မှာ နေရင် ခံ ရခက်တာ တစ်ခု က တော့ လိမ် ခံ ရတာ ပါ အတော် များများလိမ်တဲ့ သူတွေ က လဲ Indian Ascent နဲ့ လူတွေများတယ်…
လိမ်နည်းကတော့ အမျိုးမျိုး ရှိပါတယ် အဲ ဒါတွေ က ဘာတွေ လဲ ဆို တော့
၁. အခွန်ကိစ္စ
၂. Social Security Benefit ကိစ္စ
၃, Donation တွေ ပေးနေ ပါတယ်ဆို ပြီးတော့
၄, Paypal eBay Amazon မှာ အကြွေးတင်နေ ပါတယ်ဆို ပြီး
၅. အကောက်ခွန် မှာ ခွင့် မပြုတဲ့ ပစ္စည်း ရောက်နေတာ ပါဆို ပြီး
စသဖြင့် အမျိုး မျိုး ရှိကြပါတယ်
အခွန် ကိစ္စ အမေရိကန်မှာ အခွန် ကိစ္စ တော်တော်များ များ က ပြဿနာ တစ်ခုခု ရှိ ရင် အိမ် ကို စာ ပို့ ပါတယ် အဲတစ်ဆင့် မရှင်း ရင် Bank Account ကို ပိတ်ပစ်ပါတယ် အဲဒါမှ မရှင်း ရင် အိမ် ကို ဖမ်းဝရမ်းနဲ့ လာဖမ်းပါတယ် ဘယ် အခွန်မှုးမှ ဖုန်း ဆက် ပြီး မင်း အခွန် လက်ကျန် ဘယ် လောက် ရှိတယ် ဖုန်းထဲ က နေ တန်းလွှဲ ပါဆို ပြီး မတောင်း ပါဘူး….
Social Security Benefit ကိစ္စ Medical, Housing Assistance နဲ့ SNAP ခေါ် Food Stamp ယူထား တဲ့ သူတွေ သက်ဆိုင် ရာ Case Worker က ပဲ ဆက် သွယ် လာ ပါတယ် သက်ဆိုင် ရာ State တွေ မှာ ရှိ တဲ့ Social Security အတွက် ဆိုင် ရာ Website တွေ က နေ စာပို့ပါတယ် ဘယ် သူမှ Fraud လုပ်တယ် ဆို ပြီး ဖုန်း မခေါ် ပါဘူး ဖုန်းခေါ်တယ် တစ်ခုခု မှား နေတယ် ပြော ရင်လဲ ကိုယ့်ရဲ့ Case Worker နဲ့ သူ စကားပြော ပါ…..
Donation ကိစ္စ ကတော့ မြန်မာမှာ နေတဲ့ သူတွေ လဲ အတော် များများ ကြုံဖူးကြမှာ ပါ ဘယ် ကနေ လှူလိုက်တာ ငွေ က ဘယ် လောက်များတယ် ဘာပစ္စည်းတွေ ပါတယ် စသဖြင့် ပြီးတော့ မှ အကောက်ခွန် ရှင်းဖို့ ၂၀၀ လောက် လို နေ လို့ ၄၀၀ လောက် လို နေ လို့လွှဲ မှ ပစ္စည်း က ပို့လို့ ရမယ် ပြော ကြတာ ဘယ် တော့မှ မလွှဲ ပါနဲ့ တကယ် လှူတဲ့ သူက အရောက် ပို့ပါလိမ့်မယ်….
အကြွေးတင်နေတယ် ဆို ပြီး လွှဲ ခိုင်းတာ Subscription လုပ်ထားလို့ ဘာလို့ ညာလို့ ဆို ပြီး အကြွေး တင် နေ တယ် ဆို ပြီး မရမက လွှဲ ခိုင်း တာ ဒီရက် ပိုင်း ခဏ ခဏ ကြားနေ ရတယ် လွှဲ လိုက် တဲ့ သူက လဲ လာ လာ ပြောကြတယ် ငွေ ဘယ် လို ပြန်ရအောင် လုပ်မလဲ ဆို ပြီး.. Enterprise တွေ ကို အကြွေး တင် နေတယ် ဆို ရင် သူတို့ ရဲ့ သက်ဆိုင် ရာ Website ကနေ တရားဝင် Email နဲ့ တောင်း ပါ လို့ Zelle လို ဟာမျိုးနဲ့ ဘယ် Enterprise မှ အကြွေး မတောင်း ပါ ပေးမိလို့ က တော့ ပြန် ရရန် လမ်းမမြင် ပါ ဘဏ် ကိုသွား ပြော လဲ မင်းလွှဲ လိုက် တာ လေဆို ပြီး ဘဏ် က ပြန်ပြော မှာ ပါ…..
အကောက်ခွန် ခွင့် မပြုတဲ့ ပစ္စည်း ပါလို့ ဘိန်းဖြူပါလို့ အထုပ်ထဲ ငွေ တွေ ပါ လို့ ဆို ပြီးလိမ်တာ အဲ ဒါ က အခု ပဲ လိမ်တဲ့ သူနဲ့ ဖုန်းချ ပြီးဒီစာကို ရေးတာ ပါ အမေရိကန် ရဲ့ အကောက် ခွန် ဥပဒေ အရ ခွင့် မပြုတာ ပါရင် အကောက်ခွန် ကို လာ ရှင်းပါဆို ပြီး စာလာတယ် ဖုန်းဆက် ပြီး ဘာတွေ ပါလို့ ညာတွေ ပါလို့ဆို ပြီး ငွေ မတောင်း ပါ ဘူး တကယ် လို့ မူးရစ်ဆေးပါရင်တော့ လက်ခံ မည့် သူလိပ်စာနဲ့ ဖုန်း မှတ်ထား ပြီး သက်ဆိုင် ရာ ဌာန ကိုပို့တယ် သူတို့ က တစ်ဆင့် ဖမ်း ဝရမ်းနဲ့ လာဖမ်းတာဗျ လွတ် ဖို့ တော့ လမ်းမမြင်ဘူး အဲလိုမျိုးပါ လို့ ငွေ ဘယ် လောက် ပေး ပါဆို တာ လိမ်တာ ပဲ…
အစိုး ရဌာနတွေ က ဖုန်းဆက် လာ ရင် ဘယ် တော့ မှ Personal Information မတောင်း ပါ လိပ်စာ မတောင်းပါ ဘာ လို့ လဲ ဆို တော့ သူတို့ စနစ်ထဲမှာ အပြည့် အစုံ ရှိနေ ပြီး သားမလို့ ပါ ဖုန်းနံ ပတ်ထည့် လိုက် တာနဲ့ Personal Information အကုန်ထွက် လာ တာ ကိုယ့် ရဲ့ ဝင်ငွေ ဘဏ် စာရင်း စတာတွေ ကို ခလုပ် တစ်ချက် နှိပ် ရုံ နဲ့ ကြည့် လို့ ရပါတယ် ဖုန်းဆက် လာ ပြီး အဲ လို တောင်းတယ် ဆို တည်း က သတိ သာထား လိမ်ဖို့ အသေအချာ ပါ ပဲ,,,,,
Credit to
https://www.facebook.com/groups/399692534018379/permalink/965945660726394/

Leave a comment