လူမိုက်နှင့် သိကြားမင်း

လူ့ပြည် တစ်နှစ်က တာဝတိံသာနတ်ပြည် တစ်ရက် တဲ့ ဒါဆို သိကြားမင်းကြီးက သူ့ဆီကတစ်ရက်ကို တစ်ခါ လူ့ပြည်ဆင်းနေရတာပေါ့ ဆင်းခါနီး စီးမယ့်အကောင် ရွေးရတာနဲ့ ဘာကိုင်မယ် ညာကိုင်မယ် ရွေးရတာနဲ့ ဆင်းရင် ဟိုလူဒီလူတွေကိုလည်း ဟိုပရပိုဒ် ဒီပရပိုဒ်နဲ့လည်း မှတ်ရသေး အမယ် သူများသာ လိုက်မှတ်နေတာ သူ့ကြည့်တော့လည်း မယား ၄ ယောက်နဲ့ မယား ၄ ယောက်သာရှိတာ ခုထိ ကလေးမရသေးဘူး။ ဘယ်ရမလဲ ဒီလောက် လမ်းသလားနေတာကိုး သနားစရာ သိကြားမင်း တွေးမိတွေးရာလူမိုက်

US ရောက်လို့ ကားမောင်းကြပြီဆို

US ရောက်လို့ ကားမောင်းကြပြီဆို car insurance က မရှိမဖြစ် ဝယ်ရပါတယ်ရောက်ရောက်ချင်း လိုင်စင်ရခါစ ကားအသစ်လေးဆို insurance လစဉ်ကြေးလည်း များတတ်ပါတယ်။ ၆ လ အတွင်း အတိုက်အခိုက်မရှိ ticket မရှိရင် စတင်ပြီး လစဉ်ကြေး လျော့လာပါမယ်။ But ( ဒါပေမယ့် ) မောင်းနေစဉ်အတွင်း ပြစ်မှုတွေကျူးလွန်ပြီဆို လစဉ်ပေးရတဲ့ insurance တွေ ဈေးတက်လာပါမယ်။ ဘယ်လောက်ထိ ကြာကြာ ပေးရမလဲ ဆိုတော့ ၃ နှစ်ကြာအောင် ပေးရပါမယ်။ Traffic rules violations ( လမ်းစည်းကမ်း မလိုက်နာရင် ) ကျူးလွန်သူရဲ့ driving record မှာ ၅ နှစ်အထိ မှတ်တမ်းဝင်ပါတယ်။ အမှုပေါ်အမှုဆင့်တတ်သူများဆို ဒဏ်ကြေး... Continue Reading →

US ရောက်လျှင်

USA မှာ အတော်များများသော ကောင်းကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် မလွယ်ဘူး ခက်ခဲတယ် ဆိုတာလေ ဒီလိုပဲ သွားရင်းလာရင်း တွေးမိတွေးရာ လူမိုက် ဉာဏ်မီသလောက်တွေးကြည့်တာတော့ - USA လာတဲ့သူတွေဟာ တစ်ယောက်တည်းရောက်လာတာမျိုး၊ တစ်မိသားစုတည်း ရောက်လာတာမျိုးတွေပါ။ မြန်မာပြည်မှာ ညီအစ်ကိုမောင်နှမအရင်းတွေ တစ်ဝမ်းကွဲတွေ၊ဆွေမျိုး၊ ရပ်ကွက်မိတ်ဆွေ၊ ကျောင်းနေဖက်သူငယ်ချင်း၊ ဆရာ ဆရာမများ စသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ထားခဲ့ရတာဆိုတော့ ၁ - ရောက်ရောက်ချင်း ဘယ်သူ့ကိုမှ အရင်ပတ်ဝန်းကျင်လို ခင်လို့မရသေးတော့ အထီးကျန်မယ် ၂ - အရာအားလုံးအတွက် ကိုယ်တိုင်လုပ်မှရတော့တယ် ( အရင်က လုပ်တတ်တဲ့ သူငယ်ချင်း၊ မေးစရာ ဆရာ၊ ခိုင်းစရာတပည့် အားလုံး မြန်မာပြည်မှာ ကျန်ခဲ့လို့ )၃ - အလုပ်က ပြန်လာရင်... Continue Reading →

Create a website or blog at WordPress.com

Up ↑

Design a site like this with WordPress.com
Get started