အလက်ဇန္ဒားဒူးမား

အလက်ဇနြ္ဒားဒူးမားဟာ ဖွန်အကြောင်ဆုံးစာရေးဆရာတစ်ယောက်။ စာအုပ်ရေးလို့ရတဲ့ပက်ဆံတွေအားလုံး စော်တွေနဲ့သုံးဖြုန်းရင်း ကုန်တာပဲ။ ပြင်သစ်နိူင်ငံမယ် သူနဲ့တွဲခဲ့ဖူးတဲ့ရည်းစားဟာ အနည်းဆုံး ၅၀၀ လောက်ရှိတာလို့ သူအမြဲဂုဏ်ယူပီးပြောတယ်။ အဲ့လိုနဲ့ အသက်ကြီးလာတော့ လက်ကုန်လာတယ် စန်းကျလာတယ်။ ထုတ်ဝေရေးတိုက်တွေအားလုံးက သူ့ကိုစောက်ဖက်မလုပ်တော့ဘူး။ ဝင်ငွေမရှိတော့ဘူး ငတ်လာပီဆိုတော့ သူ့ဘေးနား အမြဲတရုန်းရုန်းဖြစ်နေတဲ့ စော်တွေအားလုံးက သူ့ကို ပစ်သွားကြပီ။ မိသားစုဝင်တစ်ယောက်ကမှလည်း သူ့ကို ပြန်မကြည့်တော့ဘူး။ စိတ်ဓါတ်အကြီးအကျယ်ကျပီး အိပ်ရာထဲ လဲသွားတယ် လူကငတ်ပြတ်နေပီ ပက်ဆံမရှိတော့ဘူး။ လမ်းဘက်ကခြေသံကြားတိုင်း ထုတ်ဝေရေးတိုက်တစ်ခုခုကများ သူ့ကို စာမူလာအပ်သလားဆိုတဲ့ပီး ခေါင်ထောင်ထောင်ကြည့်တယ်။ ကယောင်ကတန်းတွေဖြစ်နေပီ။ ဒီအချိန်မယ် ဖရန့်ငွေ ၅၀ လောက်များသာရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ,ဆိုတဲ့ အနေအထားထိရောက်သွားတယ်။ ( သင်ခန်းစာယူမယ်ဆို ဒါမိုးကို ယူရတယ် ) နောက်ရက် လူတစ်ယောက်ရောက်လာတယ်စာမူလာအပ်သလားဆိုတော့ ဟင့်အင်း ကျုပ်က ဒီရပ်ကွက်ထဲပြောင်းလာတဲ့အပ်ချုပ်ဆရာ၊ အလက်ဇနြ္ဒားဒူးမားဆိုတဲ့... Continue Reading →

သူ့မယား

၁။ စျေးသည်မ မဖော့သည် ကိုဆင်၏မယားဖြစ်လေသည်။ မဖော့သည် မြို့သို့တက်၍ ကုန်စိမ်းရောင်းလေ့ရှိရာ နံနက်တိုင်း ဗျပ်ကိုရွက်၍ မြို့သို့ တစ်မိုင်နီးပါးခန့် ခြေလျင်သွားရလေသည်။ အရောင်းရတွင်လျှင် စောစောပြန်လာတတ်၍ အရောင်းရထိုင်းလျှင် နေစောင်းမှ ပြန်လာတတ်လေသည်။ ပြန်လာတိုင်း ချောင်းကိုဖြတ်ကာ ရွာဘက်သို့ ကူးထားသော ဝါးတံတားသို့ ရောက်လျှင် လင်စိတ်၊ သားသမီးစိတ်တို့သည် အလိုလို ပေါ်လာတတ်လေသည်။ မဖော့သည် အရပ် ထောင်ထောင်မောင်းမောင်းဖြစ်သည်။ ဆံပင်မှာ နီကြန့်ကြန့်ဖြစ်၍ တစ်ထွာသာသာလောက် ရှည်သည်။ သွားအတန်ငယ်ခေါသည်။ သို့ရာတွင် အရုပ်ဆိုးဟု မဆိုသာချေ။ ကိုဆင်သည် အိမ်၌ ထိုင်စားသမားဖြစ်သည်။ အို...ထိုင်စားသမား သက်သက်လည်း မဟုတ်ရှာ။ အိမ်မှာ ထမင်းအိုးတည်ရသည်။ သားငယ်သမီးငယ်များကို ထိန်းရသည်။ ကိုဆင်သည် ငယ်စဉ်က သာမဏေဘဝနှင့် ကိုးနှစ်ခန့် နေခဲ့ဖူးသူ ဖြစ်သဖြင့် စာပေ၌... Continue Reading →

စစ်မက်တို့ရဲ့ နောက်ကွယ်က လူသုံးကုန်ပစ္စည်းရောင်းသူများ

“ကျွန်တော်တို့မှာ ထမင်းစားဖို့ တခြားအလုပ် မရှိကြတာလား၊ ဒီအလုပ်အပြင် တခြား ဘာမှ မလုပ်တတ်ကြတာလား။ ဒီသားလေးကို ကျွန်တော်တို့ ငွေရှာခိုင်းခဲ့ရတယ်။ သားလေးမှာ ကျောက်ကပ် တခု မရှိတော့ဘူး။ ပြီးခဲ့တဲ့နှစ်ကတည်းက ထုတ်ရောင်းခဲ့ရတယ်။ ဈေးတော့ ကောင်းကောင်းရခဲ့ပါတယ်။ ကျောက်ကပ်ရောဂါဖြစ်နေတဲ့ သူ့အရွယ် သူဌေးသားလေး တယောက်ကို ရောင်းလိုက်ရတာ။ သူဌေးသားလေးတော့ ဘယ်လိုနေသလဲ မသိဘူး။ ကျွန်တော့် သားလေးကတော့ အဲဒီကျောက်ကပ်တခု ထုတ်ရောင်းပြီးကတည်းက ကျန်းမာတယ် မရှိဘူး။ လူကလေးဟာ ဖောသွပ်သွပ် ပွယောင်းယောင်း ဖြစ်နေတယ်။ ဒါပေမယ့် သားလေးဟာ ကျွန်တော်တို့ မိဘများကို အပြစ်မဆို ရှာပါဘူး။ ရောင်းတုန်းကလည်း သူကိုယ်တိုင် လိုလိုချင်ချင်ပါ။ သူ့အတွက် သုံးလေးနှစ်စာ ကျောင်းစရိတ်ရအောင်ဆိုပြီး ရောင်းခဲ့ကြတာ။ ပညာတတ်မှပဲ ဒီ အောက်တန်းစားဘဝက လွတ်မယ် မဟုတ်လား။... Continue Reading →

Create a website or blog at WordPress.com

Up ↑

Design a site like this with WordPress.com
Get started