အလက်ဇနြ္ဒားဒူးမားဟာ ဖွန်အကြောင်ဆုံး
စာရေးဆရာတစ်ယောက်။ စာအုပ်ရေးလို့ရတဲ့ပက်ဆံတွေအားလုံး စော်တွေနဲ့သုံးဖြုန်းရင်း ကုန်တာပဲ။ ပြင်သစ်နိူင်ငံမယ် သူနဲ့တွဲခဲ့ဖူးတဲ့ရည်းစားဟာ အနည်းဆုံး ၅၀၀ လောက်ရှိတာလို့ သူအမြဲဂုဏ်ယူပီးပြောတယ်။ အဲ့လိုနဲ့ အသက်ကြီးလာတော့ လက်ကုန်လာတယ် စန်းကျလာတယ်။ ထုတ်ဝေရေးတိုက်တွေအားလုံးက သူ့ကိုစောက်ဖက်မလုပ်တော့ဘူး။ ဝင်ငွေမရှိတော့ဘူး ငတ်လာပီဆိုတော့ သူ့ဘေးနား အမြဲတရုန်းရုန်းဖြစ်နေတဲ့ စော်တွေအားလုံးက သူ့ကို ပစ်သွားကြပီ။ မိသားစုဝင်တစ်ယောက်ကမှလည်း သူ့ကို ပြန်မကြည့်တော့ဘူး။ စိတ်ဓါတ်အကြီးအကျယ်ကျပီး အိပ်ရာထဲ လဲသွားတယ်
လူကငတ်ပြတ်နေပီ ပက်ဆံမရှိတော့ဘူး။ လမ်းဘက်ကခြေသံကြားတိုင်း ထုတ်ဝေရေးတိုက်တစ်ခုခုကများ သူ့ကို စာမူလာအပ်သလားဆိုတဲ့ပီး ခေါင်ထောင်ထောင်ကြည့်တယ်။ ကယောင်ကတန်းတွေဖြစ်နေပီ။ ဒီအချိန်မယ် ဖရန့်ငွေ ၅၀ လောက်များသာရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ,ဆိုတဲ့ အနေအထားထိရောက်သွားတယ်။ ( သင်ခန်းစာယူမယ်ဆို ဒါမိုးကို ယူရတယ် )
နောက်ရက် လူတစ်ယောက်ရောက်လာတယ်
စာမူလာအပ်သလားဆိုတော့ ဟင့်အင်း ကျုပ်က ဒီရပ်ကွက်ထဲပြောင်းလာတဲ့အပ်ချုပ်ဆရာ၊ အလက်ဇနြ္ဒားဒူးမားဆိုတဲ့ နိူင်ငံကျော်စာရေးဆရာကြီး ဒီမယ်နေတယ်ကြားလို့မြင်ဖူးတယ်ရှိအောင်လာကြည့်တာပေါ့။ ဒူးမားစိတ်ညစ်သွားတယ်။ ကဲဒါဆိုလည်း ရောက်လက်စနဲ့ မင့်ဆီပက်ဆံ ၅၀ လောက်မပါဘူးလား ငါ့ခဏချေးစမ်းကွာ။ ဟိုဘဲကခေါင်းယမ်းတယ်။ ဒါမက်ဒီလိုလုပ်ဗျာ ကျုပ်မှာ ( မေဘယ်လ် ) ဆိုတဲ့အပ်ချုပ်ဆိုင်လေး ဖွင့်ထားတယ်။ ကျုပ်ဆိုင်ကို တနိူင်ငံလုံးက သိသွားအောင် ခများကြော်ငြာရေးပေး။ ရိုးရိုးတော့မရဘူး အဲ့ဒီကြော်ငြာဟာ နာမည်ကြီးသတင်းစာတခုခုထဲပါလာတာနဲ့ ကျုပ်က ခများကို ဖရမ့် ၅၀ လာပေးမယ် ဘယ်နှယ့်လဲပေါ့ ။
ဟကောင်ရာ စာအုပ်ပေါင်း သုံးလေးရာ ရေးစားလာတဲ့ စာရေးဆရာကွာမင့် ဒါလေးများ စာချုပ်လိုက်စမ်းပေါ့။ ဟိုဘဲပြန်သွားတာနဲ့ ဒူးမားဟာ စ,ရေးတယ်။ သူရေးတဲ့ဇာတ်လမ်းက ဒီလို
ပြင်သစ်နိူင်ငံပါရီမြို့မယ်နေတဲ့ နာမည်ကြီး ပြည့်တန်ဆာမလေးတစ်ယောက်ဟာ ( ဒီနေရာမှာ ပြည့်တန်ဆာမလေးရဲ့ အလှအပကို ဒူးမားဟာ ခမ်းခမ်းနားနား ဖွဲ့တယ် ) အပြင်းဖျားပီး အိပ်ရာထဲလဲနေတယ်။ မသက်သာဘူး သေလုမျောပါးဖြစ်နေပီ။ ပါရီတစ်မြို့လုံးကယောကျာ်းတွေအားလုံး သူနဲ့မအိပ်ဖူးတဲ့ယောကျာ်းဆိုတာ မရှိသလောက်ရှားပေတဲ့ အဲ့ဒီအချိန်မယ် သူ့အနား တစ်ယောက်မှမရှိတော့ဘူး ( ဒီအခန်းဟာ ဒူးမားက သူ့ရဲ့လက်ရှိအနေအထားကို ပြည့်တန်ဆာမလေးတစ်ယောက်နဲ့နှိုင်းပီး ရေးတာဖြစ်တယ် )
အဲ့ဒီမယ် ပြည့်တန်ဆာမလေးဟာ သူ မသေခင်
နောက်ဆုံးသိချင်တာလေးတစ်ခု ရှိနေသေးတယ်။ ဒါနဲ့ သူနှစ်ရှည်လများ မွေးထားတဲ့ ကြက်တူရွေးလေးရဲ့ခြေထောက်မယ် စာလေးတစ်စောင်ချည်ပီး လှောင်အိမ်ထဲက လွှတ်ပေးလိုက်တယ်။ အဲ့ဒီစာထဲ သူဘာရေးထားသလဲဆိုတော့ လက်ရှိမယ် သူအပြင်းဖျားပီး အိပ်ယာထဲလဲနေပါတယ်ပေါ့ ။ ဒါမက် သူမသေခင်မှာ သူ့အပေါ်တကယ်ချစ်တဲ့ ယောကျာ်းတစ်ယောက်နဲ့ လပ်ထပ်သွားချင်တယ်၊ ပီးရင် အဲ့ယောကျာ်းကို သူတစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုင်ဆိုင်မှုတွေအားလုံး ပေးထားခဲ့ချင်တယ်ဘာညာ။ ဒါ့ကြောင့် ဒီကြက်တူရွေးလေးကို ရတဲ့သူဟာ ရောက်တဲ့နေရာကနေ သူ့ဆီကို အမြန်လာခဲ့ပေးပါ။ ဒါပဲ
အဲ့ဒီမယ် ကြက်တူရွေးလေးဟာ မေဘယ်လ်
အပ်ချုပ်ဆိုင်ရဲ့ ပြူတင်းပေါက်မှာ လာနားတယ်။ အပ်ချုပ်ဆရာကမြင်တော့ ကြက်တူရွေးလေးကိုဖမ်းပီး ခြေထောက်ကစာကို ဖြုတ်အဖတ်၊ ဟာ အပ်ချုပ်ဆရာဟာ ကြက်တူရွေးလေးကို ရင်ခွင်ထဲပိုက်ပီး ပြည့်တန်ဆာမလေးနေတဲ့ဆီ တန်းပြေးတယ်။ ဒါပေမဲ့လည်း သူရောက်သွားတဲ့အချိန်မယ် ပြည့်တန်ဆာမလေးဟာ အိပ်ရာထဲမှာ သေနေရှာပီ၊ သူမမှီတော့ဘူး။ အပ်ချုပ်ဆရာဟာ မျက်ရည်တွေနဲ့ ကြက်တူရွေးလေးကိုပိုက်ပီး လာလမ်းကို ပြန်ခဲ့ရတယ်။ ပြည့်တန်ဆာမလေးကို သတိရတိုင်း အပ်ချုပ်ဆရာဟာ ကြက်တူရွေးလေးကို စကားတွေပြောတယ်။ မယုံရင်သွားကြည့် အဲ့ဒီကြက်တူရွေးလေးဟာ ဒီနေ့ထိ မေဘယ်လ်အပ်ချုပ်ဆိုင်မှာ ရှိနေပါသေးတယ်ပေါ့
အလက်ဇနြ္ဒားဒူးမားဟာ သူ့ရဲ့ကြော်ငြာစာကို
အဲ့ဒီနေရာမှာ ရပ်ပစ်လိုက်တယ်၊ ဒါလေးပဲ။ ဒူးမားကနပ်ပီးသား၊ သူက ကမ္ဘာကျော်စာရေးဆရာတစ်ယောက်၊ ဘယ်လိုဇာတ်လမ်းမျိုးဟာ လူတွေရဲ့ နှလုံးသားကို ဆုပ်ချေနိူင်မလဲဆိုတာ သူသိတယ်။ အပ်ချုပ်ဆိုင်ကြော်ငြာဆိုပေတဲ့ ပိတ်စနဲ့ ချုပ်ရိုးချုပ်သား ဘာတစ်ခုမှ ထည့်ရေးမသွားဘူး။ ဒါပေမဲ့ နောက်ရက်မှာ အဲ့ဒီဇာတ်လမ်းဟာ သတင်းစာထဲပါလာတယ်။ အဲ့ဒီသတင်းဟာ ပါရီတစ်မြို့လုံး အုပ်အော်သောင်းနင်းဖြစ်သွားတယ်။ တစ်မြို့လုံးက မိန်းမယောကျာ်းတွေအားလုံးဟာ ပြည့်တန်ဆာမလေးကို ဝိုင်းပီးသနားနေကြတယ်။ ကော်ဖီဆိုင် အရက်ဆိုင်တွေရဲ့ စားပွဲဝိုင်းမိန်းစထွင်းဟာ အဲ့ဒီပြည့်တန်ဆာမလေးရဲ့ ဇာတ်လမ်းချည်းပဲ
နောက်ရက်မနက် လူတွေအားလုံးဟာ မေဘယ်လ်
အပ်ချုပ်ဆိုင်ရှေ့ ကြိတ်ကြိတ်တိုးနေတယ်။ ပြည့်တန်ဆာမလေးရဲ့ ကြက်တူရွေးလေးကို မြင်ဖူးချင်တာကိုး။ အပ်ချုပ်ဆိုင်ထဲ အထည်အပ်ရင်း မလှိမ့်တပတ်နဲ့ ကြက်တူရွေးလေးကို ဝင်ကြည့်တယ်။ အပ်ချုပ်ဆရာကလည်း ပလီပလာလေးထည့် မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့ အပ်ထည်တွေ လက်မလည်အောင်လက်ခံနေရတယ်။ အဲ့လိုနဲ့ မေဘယ်လ်အပ်ချုပ်ဆိုင်ဟာ နေ့ခြင်းညခြင်း ပါရီမယ် နာမည်အကြီးဆုံးဆိုင်ကြီးတစ်ဆိုင် ဖြစ်သွားတော့တယ်။
နောက်ရက် သူ့ဆီရောက်လာတဲ့ အပ်ချုပ်ဆရာကို ဒူးမားဟာ ဘယ့်နှယ့်လဲကိုယ့်လူဆိုတော့ ကောင်းလိုက်တာဆရာရယ် ကျုပ်ဘဝမယ် အဲ့လောက်ကောင်းတဲ့ ကြော်ငြာမျိုး တခါမှ မဖတ်ဖူးဘူး တော်လိုက်တာဆရာဘာညာဆိုတော့ ဒူးမားက တဟီဟီနဲ့ ။ ကဲ ရော့ဗျာ စာမူခ ၄၂ ဖရမ့်ဆိုတော့ ၊ ဟ မင်းနဲ့ငါ သဘောတူထားတာ ၅၀ လေကွာ ဘယ့်နှယ့် ၄၂ ဖရမ့်တုန်းဆိုတော့
ဟုတ်တယ်လေဗျာ ဒါမက် ခများကဖင်ယားပီး
ဘာလို့ကြက်တူရွေးကြီး ထည့်ရေးရတာတုန်း ဟိုမယ် လူတွေက အဲ့ဒီကြက်တူရွေး ကြည့်ချင်ပါတယ်လုပ်တော့ ကျုပ်မယ် စျေးကနေ အသဲအသန်ပြေးဝယ်ရတာ ၈ ဖရမ့်တောင် ကုန်သွားတယ်ဗျ ၊ အာ့မို့ ပိုတဲ့ ၄၂ ဖရမ့် အခုလာပေးတာ ရော့ :3
✍️Nay✍️
Credit- ပြန်လည်မျှဝေသည်။

Leave a comment