Scam! Scam! Scam!

ငွေ လွှဲ မှာ လိမ်တဲ့ သူတွေ အကြောင်းထက် အမေရိကန်မှာ နေ နေ ကြတဲ့ သူတွေ အတွက် ပို ကြီး တဲ့ လိမ် လည်မှု မခံရအောင် သတိပေး တဲ့ Post လေး ပါအမေရိကန်မှာ နေရင် ခံ ရခက်တာ တစ်ခု က တော့ လိမ် ခံ ရတာ ပါ အတော် များများလိမ်တဲ့ သူတွေ က လဲ Indian Ascent နဲ့ လူတွေများတယ်…လိမ်နည်းကတော့ အမျိုးမျိုး ရှိပါတယ် အဲ ဒါတွေ က ဘာတွေ လဲ ဆို တော့၁. အခွန်ကိစ္စ၂. Social Security Benefit... Continue Reading →

မြေအောက်ရထားက အေးရှားပါးကို ဘရိတ်ဓားဖြင့်ဆွဲခွဲသူ၊နယူးယောက် အိမ်ရာတိုက်ခန်းက တနှစ်ကျော် အေးရှားမုန်းတီးရန်စခဲ့သူ အော့ကြောလန်တဦး ဖမ်းဆီးခံရခြင်းနှင့် ဖီလာဒယ်လ်ဖီးယားက အေးရှာမိသားစု ဓားထိုးခံရမှု

မတ်လ ၈။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ မတ်လ (၆) ရက်နေ့က အေးရှား မိခင်နှင့် သားနှစ်ဦး ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ဖီလာဒယ်လ်ဖီးယားတွင် မေဖဲယား ရပ်ကွက်အနီး ဖြစ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်ကဟုသိရသည်။ သားဖြစ်သူ ၁၅ နှစ်အရွယ်မှာ ဦးခေါင်းနောက်ဘက်တွင် ဓားဒဏ်ရာနှစ်ချက် ထိုးနှက်ခံခဲ့ရပြီး ၁၀ နှစ်သား ညီဖြစ်သူမှာလည်း ခေါင်းနောက်ကျောတွင်တချက်၊ ဘယ်ဘယ်ခြေထောက်တွင် တချက် ထိုးနှက်ခံခဲ့ရသည်။အမေဖြစ်သူ (၃၀) ကျော်ခန့်မှာမူ ကိုယ်ခနြွာတွင် အချက်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပြီး အရေးပေါ်ခန်းတွင် စိုးရိမ်ရသော အခြေနေတွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ သားနှစ်ဦးအခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရဟုသိရှိရသည်။အိမ်နီးနားချင်းများပြောကြားချက်အရ ဖြစ်ပွားသည့်နေရာမှာ အတိုက်ခိုက်ခံရသူ မိသားစု၏ အိမ်အရှေ့တွင်ဖြစ်ပြီး သားဖြစ်သူနှစ်ဦးမှာ မိခင်ဖြစ်သူကို ဓားထိုးမှုရန်က ကာကွယ်ရင်း အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့် အလုပ်အတူလုပ်နေသူဖြစ်ကာ အိမ်ထဲတွင် စတင်ဓားထိုးတိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။တရားခံဟု ယူဆရသူမှာ... Continue Reading →

အမေရိကန်နိုင်ငံသားမှ တခြားနိုင်ငံရှိ ခလေးအားမွေးစားခြင်း***

အမေရိကန်နိုင်ငံသားများသည် နှစ်စဉ် တစ်သောင်းခန့်ရှိသော ခလေးများအား မွေးစားမှု မှတ်တမ်းရှိပါတယ်နော်။ဒါကို intercountry adoption လို့ခေါ်ပါတယ်။တခြားနိုင်ငံကနေ မွေးစားသော လုပ်ငန်းစဉ်သည် နည်းနည်းရှုပ်ထွေးပေမယ့် အောက်ပါ သတင်းအချက်အလက်များဟာဆိုရင် အထောက်အကူအများကြီးပေးမှာပါနော်။ မွေးစားမှုအတွက်လေ့လာရန် https://www.uscis.gov/adoption မွေးစားခြင်း policyPart A, B, C, D & E လေ့လာရန် https://www.uscis.gov/policy-manual/volume-5 Before you start မွေးစားမှု မပြုခင် လေ့လာရန် https://www.uscis.gov/adoption/before-you-start Suitability related changes ကိုလေ့လာရန် https://www.uscis.gov/adoption/suitability-related-changes Immigration through adoption ကိုလေ့လာရန် https://www.uscis.gov/adoption/immigration-through-adoption Bringing your internationally adopted child to the US ကို လေ့လာရန် https://www.uscis.gov/adoption/bringing-your-internationally-adopted-child-to-the-united-states/before-your-child-immigrates-to-the-united-states... Continue Reading →

သောက်ချင်ဦးဟ … အကြွေး

•••••••••••••••••••••••••••••••••••အီကြာကွေး လက်ဖက်ရည်ဆိုင်ဖွင့်တာ တွက်သားကိုက်သည်။ တစ်နေ့ ဘယ်လောက်မြတ်သည်။ ကိုယ့်အတွက် အသား တင် မည်မျှကျန်သည် စသည်ဖြင့် မစားရ ဝခမန်း သူများပြောတာတွေ ယုံစားပြီး . လက်ဖက်ရည်ဆိုင်ဖွင့် လိုက်သည်။ “ဖုန်းကျော်ကြီး တီးဟောက်စ်” ဆိုင်းဘုတ်တပ်တော့ သူ့နာမည်ဖုန်းကျော်ကို ရှေ့တန်းတင်၍ ဖုန်းကျော်ကြီး တီးဟောက်စ် ဟု တပ် သည်။ ဖုန်းကျော် အသက်က (၃၀)ကျော်ကျော်သာ ရှိ သေးသည်။ အပေါင်းအသင်းများသည်။ အပေါင်းအသင်းကို သံယောဇဉ်ကြီးသည်။ “ကောင်းတယ်ဟေ့ ... တခြားဆိုင်သွားသောက် မယ့်အစား ကိုယ့်အချင်းချင်း မင်းဆိုင်ပဲ တို့အားပေးမယ်” အပေါင်းအသင်းတွေ ဝိုင်းဝန်းအားပေးမှုကြောင့် ဆိုင် ရောင်းအားတက်လာသည်။ ခင်မင်သော အပေါင်း အသင်းချင်းမို့ အကြွေးသောက်လာတာတွေလည်း ရှိလာသည်။ ရှိတဲ့အခါပေးသည်။ မရှိတဲ့အခါ မှတ်ထား။ “ဟေ့ကောင်တွေ... Continue Reading →

Create a website or blog at WordPress.com

Up ↑

Design a site like this with WordPress.com
Get started