မတ်လ ၈။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ မတ်လ (၆) ရက်နေ့က အေးရှား မိခင်နှင့် သားနှစ်ဦး ဓားဖြင့် ထိုးနှက်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ဖီလာဒယ်လ်ဖီးယားတွင် မေဖဲယား ရပ်ကွက်အနီး ဖြစ်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲပိုင်း ၂ နာရီအချိန်ခန့်ကဟုသိရသည်။ သားဖြစ်သူ ၁၅ နှစ်အရွယ်မှာ ဦးခေါင်းနောက်ဘက်တွင် ဓားဒဏ်ရာနှစ်ချက် ထိုးနှက်ခံခဲ့ရပြီး ၁၀ နှစ်သား ညီဖြစ်သူမှာလည်း ခေါင်းနောက်ကျောတွင်တချက်၊ ဘယ်ဘယ်ခြေထောက်တွင် တချက် ထိုးနှက်ခံခဲ့ရသည်။အမေဖြစ်သူ (၃၀) ကျော်ခန့်မှာမူ ကိုယ်ခနြွာတွင် အချက်ပေါင်းများစွာ ထိုးနှက်ခံခဲ့ရပြီး အရေးပေါ်ခန်းတွင် စိုးရိမ်ရသော အခြေနေတွင်ရှိနေဆဲဖြစ်သည်ဟုသိရသည်။ သားနှစ်ဦးအခြေအနေမှာ အသက်အန္တရာယ်မစိုးရိမ်ရဟုသိရှိရသည်။အိမ်နီးနားချင်းများပြောကြားချက်အရ ဖြစ်ပွားသည့်နေရာမှာ အတိုက်ခိုက်ခံရသူ မိသားစု၏ အိမ်အရှေ့တွင်ဖြစ်ပြီး သားဖြစ်သူနှစ်ဦးမှာ မိခင်ဖြစ်သူကို ဓားထိုးမှုရန်က ကာကွယ်ရင်း အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူနှင့် အလုပ်အတူလုပ်နေသူဖြစ်ကာ အိမ်ထဲတွင် စတင်ဓားထိုးတိုက်ခိုက်ခဲ့သည်ဟုလည်းဆိုသည်။တရားခံဟု ယူဆရသူမှာ... Continue Reading →